လုချီမင်က ပြောလိုက်သည်။ "ကိစ္စမရှိပါဘူး။ ငါက သန်မာပြီး မင်းကို ကောင်းကေင်း ဂရုစိုက်ပေးနိုင်တယ်။"


ကျန်းမြောင်မြောင်က ငြင်းဆန်နေဆဲဖြစ်ပြီး ခေါက်ဆွဲကိုသာ ဆက်စားနေခဲ့၏။


ခေါက်ဆွဲ၏ ရနံ့က ကောင်းမွန်လှသော်လည်း ၎င်းက အနံ့သာ ဖြစ်လေသည်။

သူမက ငရုတ်နွယ်လို ဖွယ်တယ်တယ် အရသာ​ဖြစ်နေသည့် ခေါက်ဆွဲကို ပါးစပ်အပြည့်စားနေရင်း ဘဲကင်၊ ကြက်ကြော်၊ ဝက်ခြေထောက်နှင့် အစိမ်းရောင်အသီးအရွက်များကိုပင် လွမ်းဆွတ်မိသွားပေသည်။


လုချီမင်က စင်ပေါ်တွင် စမ်းတဝါးဝါးရှာဖွေနေရင်း အထုပ်တစ်ခုခုကို တွေ့သွားကာ တစ်ဝက်ဖောက်လိုက်သည်။


"ရေညှိနည်းနည်းလောက် လိုချင်လား။"


ကျန်းမြောင်မြောင်က ချက်ချင်းပင် သူမ ပန်းကန်ကို ထိုးပေးလိုက်ပြီး ခေါက်ဆွဲပြုတ်ထဲကို ရေညှိအနည်းငယ် ထည့်လိုက်သည့်အခါမှ အရသာပို ကောင်းလာပေသည်။

စားသောက်ပြီးနောက် ရှားပါးလှစွာဖြင့် သူမက အစပြုကာ ပန်းကန်ဆေးရန် လုပ်ဆောင်လိုက်သည်။


ရေကို အလွန်မြန်မြန်ကုန်သွားအောင် သုံးစွဲမိမည်ကို ကြောက်ရွံ့သောကြောင့် ပန်းကန်များဆေးရာတွင် အများကြီး ချွေတာကြရသည်။

သူတို့က အသုံးပြုပြီးသည့် ရေများကို ထောင့်ဘက်သို့ လောင်းချလိုက်ပြီး ပန်းကန်များကို ဒီဇယ်မီးဖိုနားသို့ ပြန်ထားလိုက်သည်။


အရာအားလုံး လုပ်ပြီးသွားသည့်အခါ သူမက လဲလျောင်းလိုက်ပြီး ရုတ်တရက် ရှက်စရာကောင်းသည့်ကိစ္စတစ်ခုကို တွေးလိုက်မိသည်။


"ငါတို့ တွိုင်းလက် ဘယ်လိုသုံးကြမလဲ။"

ဤမြေအောက်ခန်းက ငါးဆယ်စတုရန်းမီတာလောက်သာရှိပြီး အမျိုးမျိုးသော အထောက်အပံ့ပစ္စည်းများနှင့် ပြည့်နေကာ သူတို့ နေထိုင်ရန် နေရာအနည်းငယ်သာ ရှိသည်။ သူတို့က ဘယ်နေရာ၌ တွိုင်းလက်သွားနိုင်ပါမည်နည်း။

ငါးဆားနယ်လေးက ကမ္ဘာပျက်ကပ်စာအုပ်ထဲ ကူးပြောင်းသွားတယ် (ဘာသာပြန်)Where stories live. Discover now
OSZAR »