လုချီမင်သည်လည်း ထိုအကြောင်းကို မေ့သွားခဲ့ပြီး သူမ ပြောလာသည့်အခါမှ တွေးမိလိုက်သည်။ သူက တစ်ချက်စဥ်းစားကြည့်လိုက်ပြီး ဓာတ်မီးကို အသုံးပြု၍ ထောင့်တစ်နေရာသို့ ကြည့်လိုက်သည်။


"အဲဒီနေရာမှာသွား။"


သူက အနီးဝန်းကျင်မှ ပစ္စည်းများကို ရွှေ့လိုက်ပြီး ပြန်လာကာ ပြောလိုက်သည်။ "နောက်ပိုင်းကျရင် အဲဒီနေရာက ငါတို့ရဲ့ တွိုင်းလက် ဖြစ်လာလိမ့်မယ်။"


ဤနေရာတွင် တစ်ရက်နှစ်ရက်သာနေရလျှင် အဆင်ပြေသော်လည်း ဇွန်ဘီများက လဝက်လောက်နှင့် ထွက်သွားကြလိမ့်မည် မဟုတ်ပေ။ သူတို့က လဝက်လောက် ဤနေရာ၌ နေထိုင်ပြီး ထိုထောင့်နေရာကို သူတို့၏ တွိုင်းလက်အဖြစ် အသုံးပြုမည်ဆိုလျှင် ထိုနေရာ၏ ပုံရိပ်ကို တွေးမိရုံနှင့်ပင်..... အန်ချင်စရာပဲ!

ကျန်းမြောင်မြောင်က ထိုအကြောင်းကို တွေးကြည့်မိပြီးနောက် အန်ထုတ်မိလုနီးပါး ဖြစ်သွားခဲ့လေသည်။ သူမက ခပ်တိုးတိုးနှင့် ဆူဆူပူပူ ပြောလိုက်သည်။ "ဒီလိုမှန်းသိရင် စောစောကတည်းက ဂက်စ်ဖွင့်ပြီး သေလိုက်တာကမှ ပိုကောင်းလိမ့်ဦးမယ်။"


လုချီမင်က ဘာမှမပြောခဲ့ပေ။ သူမက ဗိုက်ပြည့်ပြီးနောက် အိပ်ချင်လာသည်။ သူတို့က ကမ္ဘာကြီး၏ အဆုံးသတ်နေ့ရက်များတွင် အရည်အသွေးအကောင်းဆုံး ဝက်များ ဖြစ်လာပေလိမ့်မည်။ သူမက ဆက်၍ အိပ်နေခဲ့သည်။

နောက်တစ်ခါ ထပ်နိုးလာသည့်အခါ သူမ၏ နားထဲတွင် တတောက်တောက်အသံကို ကြားလိုက်ရ၏။


ကျန်းမြောင်မြောင်က ဓာတ်မီးကို အချိန်အကြာကြီးရှာနေပြီးမှ ထောင့်တစ်နေရာတွင် အလင်းရောင်တစ်ခု ရှိနေသည်ကို မြင်လိုက်ရသည်။


လုချီမင်က သူမကို ဓာတ်မီးနှင့် လှမ်းထိုးလိုက်သည်။ အလင်းရောင်က အလွန် စူးရှသည့်အတွက် သူမက ကမန်းကတမ်း မျက်လုံးများကို ကာလိုက်ရသည်။ ထို့နောက် သူက ချက်ချင်း မီးအလင်းကို ပြန်ရုတ်လိုက်၏။

ငါးဆားနယ်လေးက ကမ္ဘာပျက်ကပ်စာအုပ်ထဲ ကူးပြောင်းသွားတယ် (ဘာသာပြန်)Where stories live. Discover now
OSZAR »