Chapter - 12 [ ဘဝမှာ အကြီးဆုံးအမှား]

536 69 3
                                    

Chapter - 12 [ ဘဝမှာ အကြီးဆုံးအမှား]

သူမက လင်းယူကို အခြားသူတွေရဲ့ဟိုတယ်အခန်းတွေထဲ ဝင်ရောက်ခြင်းကို တားမြစ်ထားကြောင်း ရှင်းပြထားပြီး အရှေ့စားပွဲမှာလည်း ဟိုတယ်စည်းမျဉ်းတွေကို ချပြထားပြီးပါပြီ။

လင်းယူကိုယ်တိုင်က စည်းမျဉ်းတွေကို ဖောက်ဖျက်ရန် ရွေးချယ်ခဲ့သည်ဖြစ်ရာ အကျိုးဆက်တွေအတွက် သူမကို လာအပြစ်မတင်သင့်ပါဘူး။

မနက်စာအတွက် သူမက ရိုးရှင်းသော အသားညှပ်ပေါင်မုန့်သုံးခုနဲ့ ကြက်ဥကြော်တို့ကို ပြုလုပ်လိုက်ပြီးနောက် ငှက်ပျောသီးစားကာ ကလေးနှစ်ယောက်နဲ့အတူ နွားနို့တစ်ဘူးသောက်လိုက်သည်။

ကိုလာလေးနဲ့ ဟမ်ဘာဂါလေးတို့ဟာ အရမ်းကျေနပ်သွားကြသည်။

သူတို့တွေ ဟိုတယ်ကို ရောက်လာကတည်းက နေ့တိုင်းနိဗ္ဗာန်မှာ နေနေရသလို ခံစားရလေတယ်။

သို့သော်လည်း ညဘက်ရောက်ရင် သူတို့ရဲ့ယခင်အချိန်က ကမ္ဘာပျက်ကပ်မှာ ရုန်းကန်ခဲ့ရကြတဲ့ ကြောက်ရွံ့စရာ ဇွန်ဘီတွေကို အိမ်မက်မက်နေကြသေးပါတယ်။

ဒါပေမယ့်လည်း သူတို့နိုးလာတာနဲ့ ဘေးမှာ အစ်မဖြစ်သူကို တွေ့သောအခါ စိတ်သက်သာရသွားကြသည်။

မနက်စာစားပြီးနောက် ကုဝမ်ရင်းက နေရောင်အခြေစိုက်စခန်းကို သွားရန်ပြင်လိုက်သည်။

သူမက ကလေးနှစ်ယောက်ကို အရှေ့စားပွဲမှာ ထိုင်စေလိုက်ပြီး ဧည့်သည်တွေရောက်ရှိလာရင်  ကြိုဆိုပေးရန် ညွှန်ကြားထားလိုက်တယ်။

ကလေးတွေက ယခင်က သူမ ဧည့်သည်တွေကို ကြိုဆိုတာကို အကြိမ်ရေအတော်များများ တွေ့ဖူးသဖြင့် ဘာလုပ်ရမလဲဆိုတာကို သိကြပါတယ်။

သူမက တစ်ယောက်ယောက် ပြဿနာလာရှာမှာကို စိတ်မပူပါဘူး။ ဘာလို့လဲဆိုတော့ စနစ်က အဲဒီလိုခွင့်မပြုဘူးလေ။

ကုဝမ်ရင်းက ဗီရိုထဲကနေ ပေါ့ပေါ့ပါးပါး အဝတ်အစားကို ရွေးချယ်လိုက်ပြီး သက်သောင့်သက်သာရှိတဲ့ ဖိနပ်တစ်စုံ လဲဝတ်လိုက်သဉ်။

သူမက ကိုလာလေးနဲ့ ဟမ်ဘာဂါလေးတို့ကို လော်ဘီသို့ ခေါ်လာသောအခါ ဖူညီအစ်ကိုနှစ်ယောက်ဟာ ပေါင်မုန့်နဲ့ နွားနို့ဝယ်နေကြတာကို တွေ့လိုက်ရသည်။

ငါ့ဟိုတယ်က ကမ္ဘာပျက်ကပ်မှာ နိဗ္ဗာန်ပဲ!Where stories live. Discover now
OSZAR »