အခန်း (၄၄၆) ဂေဆာအမျိုးသားဥယျာဉ် (၃၀)

282 43 0
                                    



ဆန့်ကျင်ဖက်အရပ်၌ စွမ်းအားအလှည့်အပြောင်းဖြစ်နေချိန်တွင် ဖူအန်မှာ သစ်တောထဲမှထိုင်ကြည့်နေ၏။
ကြည့်ပြီးနောက် သူမပြန်လာခဲ့၏။

ကုတ်အင်္ကျီမှာ စိုစွတ်နေပြီဖြစ်သည်။
ကံကောင်းထောက်မ၍ သူမထံတွင် တစ်စုံထက်ပိုရှိနေ၍သာ။

မန်ထုန်ရွာမှလူများအကြောင်းကိုတွေးမိလိုက်ပြီး သူမသက်ပြင်းချလိုက်မိ၏။
သူတို့သာ အနည်းငယ်ထိန်းချုပ်ပြီး အလွန်လောဘမကြီးကြပါက လူအုပ်ကြီးကြောင့် ဤမျှအလျှင်အမြန်ရှင်းလင်းခံရမည်မဟုတ်ပေ။

ဆန့်ကျင်ဖက်မှ ချက်ပြုတ်ထားသည့်ခွေးသားအနံ့က လေနှင့်အတူပျံ့နှံ့ရောက်ရှိလာသည်။

ကားပြတင်းပေါက်များ၊ တံခါးများကိုပိတ်လိုက်၏။ ထိုအနံ့က အိပ်စက်ခြင်းကိုသက်ရောက်မှုမဖြစ်စေတော့ပေ။
………………………………………………………………………….

ဂိမ်း၏ ၁၅ ရက်မြောက်နေ့……………

မန်ထုန်ရွာမှာ နာမည်အတိုင်းပင် လူများကိုပို၍ဆွဲဆောင်နေလေသည်။
တစ်နေ့ပြီးတစ်နေ့ကုန်သွားသည်နှင့် အသက်ရှင်သူပေါင်းများစွာ ရောက်ရှိလာနေသည်။

ဥပမာအားဖြင့် ပျံ့ကြဲနေကြသည့်လူများမှာ စုတ်ပြဲနေသည့်အဝတ်အစားများကို ဝတ်ဆင်လျှက် နှေးကွေးလေးလံသောခြေလှမ်းများဖြင့် မန်ထုန်ရွာသို့ရောက်ရှိလာကြသည်။ ဤလူများမှာ လဲကျတော့မည့်အတိုင်းပင်။
ဤလူများကို မန်ထုန်ရွာ၏ရွာသားသစ်များက ကြိုဆိုလိုက်ကြသည်။

ရွာထဲတွင်အိမ်ထောင်စုတိုင်း၌ စပါး၊ ဂျုံကတ်တီရာပေါင်းများစွာ လှောင်ထားကြသဖြင့် လုံလောက်သောအရင်းအမြစ်များရှိနေသည်။

အာလူးချိုချိုလေးများ၊ မြေအောက်ခန်းထဲမှ အာလူးများ………..
အိမ်၏ထုပ်တန်းတွင်ချိတ်ထားသည့်ဝက်ဆားနယ်ခြောက်များ……….

သူတို့မွေးမြူထားကြသည် ကြက်၊ ဘဲများ……….
စိုက်ခင်းထဲရှိဟင်းသီး၊ ဟင်းရွက်များ…………….

မိသားစုပေါင်း ၁၈၀ ရှိပစ္စည်းများကို အတူတကွစုစည်းမိကြသည်။ ဤသည်က နည်းပါးသည့် အရေအတွက်မဟုတ်ပေ။
တစ်ခုတည်းသောထိခိုက်မှုမှာ ရေအရင်းအမြစ်ပင်ဖြစ်သည်။

သေမင်းဂိမ်းထဲတွင် ချစ်မိခြင်း (Book -4)Where stories live. Discover now
OSZAR »