အခန်း (၄၈၆) အစစ်အမှန်ကမ္ဘာ (၁၅)

326 50 3
                                    



သူမတို့နေထိုင်သည့်ရှကောဆီသို့ ပြန်လာခဲ့ကြသည်။

ဂိမ်းအချိန်မှာ နီးကပ်လာပြီဖြစ်သည်။
စုဆန်နှင့်ရန်ဆန်းပေါ်တို့သည်လည်း တစ်ယောက်ပြီးတစ်ယောက်ဂိမ်းထဲသို့ဝင်သွားကြ၏။ ကျန်းရှင်းချိန်မှာ ကျောင်းသို့ပြန်သွားသည်။

ဂိမ်းကြောင့်ကျန်ခဲ့ရသည့်ရှုထျန်း၊ သူမနှင့် ဖုရီရှီတို့သာကျန်ခဲ့လေသည်။
ဟောခန်မမှာ ရုတ်တရက်ဆိုသလိုတိတ်ဆိတ်သွားသည်။

နိုင်ငံခြားကိုသွားပြီးနောက်တွင် အစ်ကိုဖု၏သူမအပေါ်သို့သဘောထားမှာ အခုတလောတွင် ညင်သာလာသည့်ဟု သူမခံစားမိသည်။
သို့သော်လည်း သူမသေချာလှ။

ယခုအချိန်တွင် ညီမလေးဆီမှ အကူအညီလိုအပ်နေလေပြီ။

(မကြာမှီပါးပါးဖြစ်လာတော့မည့်သူ.............ကြက်ဥကြီး...............အခုအားလား?)

(မကြာမှီသူဌေးကြီးဖြစ်တော့မည့်သူ...............နားလို့ရတယ်.............နင်
ဘော့စ်နဲ့ပြန်တည့်သွားကြပြီလား?)

(မကြာမှီပါးပါးဖြစ်လာတော့မည့်သူ................အိုကေသွားပြီ............ဒါပေမယ့်အခြေအနေသစ်တစ်ခု ရှိနေပြန်ပြီ)

ဖူအန်အသက်ပြင်းပြင်းတစ်ချက်ရှုသွင်းလိုက်ပြီး ဖုန်းပေါ်တွင် စာကြောင်းရှည်ကြီးတစ်ကြောင်းကို စရိုက်လိုက်၏။ ထို့နောက်ပြန်ပြင်လိုက်ဆင်လိုက်နှင့် နောက်ဆုံးစာကိုပို့နိုင်လိုက်သည်။

(ငါ့ရဲ့အစ်ကိုဖုက...........ငါထင်တာ........ငါ့ကိုများစိတ်ဝင်စားနေသလားလို့........သံသယဖြစ်နေမိတယ်)

အခြားတစ်ဖက်မှလူမှာ တစ်ခဏခန့်တိတ်ဆိတ်သွား၏။ ထို့နောက် မျက်နှာသရုပ်ဖော်ပုံများ (Emoji) ပုံများပို့လာသည်။

(အနက်ရောင် ? ဖြစ်နေသည့် မျက်နှာ...)

(လူငယ်လေး.........မင်းရဲ့အတွေးအခေါ်တွေက ကြောက်စရာကောင်းတယ် ဟု ဆိုလိုနေသည့်ပုံ)

(အိပ်မက်မက်နေရာကထတော့....ပုံ)

(ပြောစမ်း..........ငါနင့်ကိုဒီကနေ ပုံတွေပဲပို့ပြီး တိတ်တိတ်လေးနားထောင်နေမယ်.......)
......................................................................................

သေမင်းဂိမ်းထဲတွင် ချစ်မိခြင်း (Book -4)Where stories live. Discover now
OSZAR »